Monday, August 6, 2012

Huawei C8810 Root လုပ်နည်း

Huawei C8810 ကို root  လုပ်နည်း

Huawei C8810 ကို Root လုပ်နည်းကိုပြောပါမယ်။ အခြားဖုန်းတွေနဲ့  မကွာပါဘူး လွယ်ပါတယ်။

(Huawei )Update.zip ကို အောက်မှာဒေါင်းပါ ----
Update.Zip

Recovery.zip ကို အောက်မှာ ဒါင်းပါ ----
Recovery.Zip

အရင်ဆုံးဖုန်း Driver ကို ကွန်ပျူတာမှာ တင်ထားပါ။ 
မိမိ ဖုန်းကို USB debugging ON and unknown source ON, Fast boot OFF လုပ်ထားပေးပါ။
အပေါ်က ဒေါင်းလော့လုပ်ထားတဲ့ Update.Zip ဖိုင်ကို ဖုန်း SD Card ထဲကို ဖိုဒါအသစ်မယူပဲ ထည့်ပါ။
Recovery.Zip ကိုတော့ Computer မှာ ဖြည်လိုက်ပါ။
မိမိ ဖုန်း ကို power off  လိုက်ပါ 10 စက္ကန့် လောက်စောင့်ပါ။
VOLUME DOWN နှင့် POWER ကို တွဲနိပ်ပေးထားပါ။ Huawei logo မှာရပ်နေပါလိမ့်မယ်။
အဲဒီအချိန်မှာ မိမိ ဖုန်းကို PC နဲ့ ချိတ်လိုက်ပါ။
ကွန်ပြူတာမှာ ဖြည်ချထားတဲ့ Recovery file ထဲမှာ -órecovery¦¦-=.bat ဆိုတဲ့ ” .bat ” file လေးရှိတယ်
အဲဒါကို Run လိုက်ပါ။
ဖုန်းကို ပိတ်လိုက်ပါ။ (ဖုန်းကို ကွန်ပျူတာမှ ဖြုတ်ပြီး ဘက်ထရီကိုလည်းဖြုတ်လိုက်ပါ။)
ပြီးရင် Power button နဲ့ Volume down button ကိုတွဲနှိပ်ထားလိုက်ရင် Huawei လိုဂိုမှာ ရပ်နေပါလိမ့်မယ်… 3 to 5 sec လောက်ကြာရင်လွှတ်လိုက်ပါ။
ပြီးရင် ကွန်ပျူတာနဲ့ ဖုန်းကို ချိတ်ပြီး စောစောက Run ထားတဲ့ recovery ဆိုတဲ့ ဟာကိုသွားပါ။ ကွန်ပျူတာကီးဘုတ်က ကီးတစ်ခုခုနှိပ်ပီး continue လုပ်လိုက်ပါ…..
စာတွေ ဟိုလုပ်ဒီလုပ်ပီးသွားတော့ ပီးပီဆိုပီးပြောပါတယ်။ ကီးတစ်ခုခုနှိပ်လိုက်ရင် ပြန်ထွက်သွားပီး ဖုန်းလဲပိတ်သွားပါတယ်…
အဲဒီကျတော့မှ Power button + Volume Up button ကို တွဲနှိပ်ပြီး Recovery mode ထဲဝင်ပါ…
အပေါ်ဆုံးစာကြောင်းက တရုတ်စာတွေကြားမှာ Sd ဆိုတာလေးပါနေတာကို တွေ့မှာပါ။
အဲဒီစာကြာင်းကိုရွေးပီး update.zip ကိုရွေးပေးလိုက်ရင် root ပြီးသွားပါပီ။
Reboot system now ကိုရွေးပီးလို့ ဖုန်းပြန်တက်လာရင်
superuser app တွေ့ရပြီဆိုရင် root လုပ်တာ အောင်မြင်ပါပြီ။



No comments:

Post a Comment