Thursday, October 25, 2012

Huawei U8825D ကို Root လုပ်နည်း



အခုပြောပြပေးမှာကတော့ Huawei U8825D ကို root လုပ်နည်းဖြစ်ပါတယ်။ U8825D ဟာ အရင်က ထုတ်ခဲ့တဲ့ Huawei ဖုန်းတွေလို တိုက်ရိုက် root တန်းလုပ်လို့မရတော့ပါဘူး။ Huawei ဆိုက်မှ bootloader ကို unlock လုပ်ခွင့်ပေးမှ root လုပ်လို့ရမှာဖြစ်ပါတယ်။ အခုဆိုရင်တော့ U8825D အတွက် bootloader unlock ကို လုပ်ခွင့်ပေးလိုက်ပါပြီ။ 

Tuesday, September 25, 2012

U8812D ကို root မလုပ်ပဲ မြန်မာဖောင့်ထည့်နည်း နှင့် root လုပ်နည်း – Myanmar Mobile App Store

U8812D ကို root မလုပ်ပဲ မြန်မာဖောင့်ထည့်နည်း နှင့် root လုပ်နည်း – Myanmar Mobile App Store

အထက်က နည်းအတိုင်း ဖုန်း Driver တင်ပါ။ CWM သွင်းပါ။
မြန်မာဖောင့်အတွက် အဆင်မပြေသေးရင်---
အောက်ပါလင့်မှ King Root tool ဖြင့် root လုပ်လိုက်ပါ။
King root tool

သို့မဟုတ် အဆင်ပြေရာ root tool ကို သုံးပြီး root လုပ်လို့ ရပါပြီ။ ကျနော် King Root tool နဲ့ လုပ်တာ အဆင်ပြေပါတယ်။ အထက်က လင့်မှာ ဒေါင်းလော့ လုပ်မရရင်တော့ တစ်ခြားနေရာက ရှာပြီး လုပ်ကြည့် ကြပေါ့ဗျာ။ အောက်က လင့်မှာတော့ ရလောက်ပါတယ်။

Saturday, September 15, 2012

Samsung Galaxy Y, Gio, Ace, S, Splus များတွင် Root မလုပ်ဘဲ မြန်မာဖောင့်ထည့်နည်း

အရင်ဆုံး အောက်မှာ ZawGyi One font နှင့် FrozenKeyborad ကို ဒေါင်းလော့ယူလိုက်ပါ။

ZawGyiOne & FrozenKeyboard

- ဒေါင်းလော့ ရလာတဲ့ rar ဖိုင်လေးကို ဖြေပြီး Phone SD Card ထဲ ထည့်လိုက်ပါ။
- Install မလုပ်ခင် Phone ထဲက Settings >> Applications ထဲက Unknown  sources ကို
  အမှန်ခြစ်ပေးထားရပါမယ်။
- စောစောက ထည့်လိုက်တဲ့ ZawGyiOne Font နှင့် FrozenKeyboard ကို Phone ထဲက Myfile
  ထဲမှာ ရှာပြီး Install လုပ်လိုက်ပါ။
- Settings >> Display >> Screen Display >> Font Style အထိအဆင့်ဆင့်သွားလိုက်ပါ။
- Choose new font မှာ Zawgyi One TTF ကို ရွေးလိုက်ပါ။ Restart တောင်းပါလိမ့်မယ်။ Restart ချ
   ပေးလိုက်ပါ။

Wednesday, August 29, 2012

Window Password Remover v7.0

Pyae Phyo (MMiTD): Window Password Remover v7.0:                     Windows ရဲ့ Admin Password ကို CD တစ်ချပ်နဲ့ လွယ်ကူစွာဖောက်နိုင်နဲ့ Software လေးပါ။ အရှေ့မှာလည်း နှစ်မျိုးလောက်တင်ပေးဖ...

Sunday, August 19, 2012

သင့်ကွန်ပျူတာရဲ့ System Speed မြန်အောင်လုပ်နည်း


ကွန်ပျူတာ System Speed ကိုမြန်ဆန်စွာအသုံးပြုနိုင်ရန်အတွက် အောက်ဖော်ပြပါအတိုင်း ဆောင်ရွက်နိုင်ပါသည်-
၁။ ကွန်ပျူတာတွင် Application တစ်ခုကိုအသုံးပြုပြီးတိုင်း Desktop ပေါ်တွင် Right Click ဖြင့် Refresh ပြုလုပ်ပေးရပါမည်။ Refresh ပြုလုပ်ပေးခြင်းအားဖြင့် RAM အတွင်းမလိုအပ်သည့် File များကိုဖယ်ထုတ်ပေးနိုင်ပြီး System Speed ကိုမြန်ဆန် စေပါသည်။
၂။ File Size ကြီးမားသောပုံများကိ Wallpaper အဖြစ်အသုံးမပြုသင့်ပါ။ Wallpaper ကို File Size ကြီးမားသောပုံကိုအသုံးပြုခြင်းအားဖြင့် RAM ၏လုပ်ဆောင်မှုကို နှေးကွေးစေပါသည်။
၃။ Desktop ပေါ်တွင် Shortcuts များကိုထားရှိပြီး အသုံးပြုခြင်းမှရှောင်ကျဉ်ရပါမည်။ Desktop ပေါ်ရှိ Shortcuts တစ်ခုသည် RAM အတွင်း ၌ ၅၀၀ Bytes နေရာယူအသုံးပြု စေပါသည်။
၎။ Recycle Bin ကိုနေ့တိုင်း Empty ဖြစ်စေရန်ရှင်းလင်းပေးရပါမည်။ Recycle Bin ကို Empty မပြုလုပ်သေးသမျှ မိမိ Delete လုပ်လိုက် သည့် File များသည် Hard Drive တွင်နေရာယူနေပါသည်။ Delete လုပ်ရန်သေချာသည့် File များကို Shift + Delete ဖြင့် Recycle Bin အ တွင်းမရောက်စေပဲ တိုက်ရိုက် Delete လုပ်နိုင်ပါသည်။
၅။ Temporary Internet File များကို ပုံမှန် Delete ပြုလုပ်ပေးရပါမည်။
၆။ Defragment ပြုလုပ်ခြင်းကို ၇ ရက်လျင်တစ်ကြိမ်ခန့်ပြုလုပ်ပေးရပါမည်။ Defragment ပြုလုပ်ပေးခြင်းအားဖြင့် Hard Drive အတွင်း Free Space ကိုတိုးမြင့်လာစေပြီး File များကိုပြန်စီပေးသည့်အတွက် ကွန်ပျူတာကိုအသုံးပြုရာတွင် ပိုမိုမြန်ဆန်စေပါသည်။
၇။  ကွန်ပျူတာတွင် Partition ကိုအနည်းဆုံးနှစ်ခုထား၍ အသုံးပြုသင့်ပါသည်။ File Size ကြီးမားစွာအသုံးပြုရမည့် Photoshop၊ 3DS Max ကဲ့သို့သော Software များကို Run ၍အသုံးပြုသည့်အခါတွင် Window တင်ထားသည့် Partition ကိုအသုံးမပြုပဲ၊ ဒုတိယ Partition တွင် Run ၍အသုံးပြုရပါမည်။ Window တင်ထားသည့် Partition တွင် Data များထားရှိခြင်း၊ Software များ Run ၍အသုံးပြုခြင်းများကို တက် နိုင်သမျှရှောင်ကျဉ်၍ Free space များစေရန်ဆောင်ရွက်ရပါမည်။ Window တင်ထားသည့် Partition တွင် Free space နည်းနေပါက ကွန်ပျူတာလုပ်ဆောင်မှုကိုနှေးကွေးစေပါသည်။
၈။ Software တစ်ခုကိုအသုံးပြုရန်အတွက် Run ပြီးပါက Tray Icon များထားရှိ အသုံးပြုခြင်းကို မပြုလုပ်သင့်ပါ။ ထို Tray Icon များထားရှိ အသုံးပြုခြင်းသည် RAM ကို ပိုမိုအလုပ်လုပ်စေပြီး ကွန်ပျူတာ System ကိုနှေးကွေးစေနိုင်ပါသည်။
၉။ Software များကို ကွန်ပျူတာစဖွင့်သည်နှင့်တပြိုင်နက်တည်း Automatically အလုပ် လုပ်စေခြင်းမပြုလုပ်သင့်ပါ။ ထိုသို့ပြုလုပ်ရန်အတွက် Run တွင် msconfig ဟုတ်ရိုက်ပြီး Startup Tab တွင် Disable All ကို Click ပြုလုပ်၍ ကွန်ပျူတာကို Restart ပေးရပါမည်။

Hiden ဖြစ်နေသော File, Folder များ ပြန်ဖော်နည်း

Hiden ဖြစ်နေသော File, Folder များ ပြန်ဖော်နည်း

Friday, August 17, 2012

Pyae Phyo (MMiTD): ကွန်ပြူတာ တွင် BSD (Blue Screen of Death) တက်ရခြင်း အကြောင်းများ

Pyae Phyo (MMiTD): ကွန်ပြူတာ တွင် BSD (Blue Screen of Death) တက်ရခြင်...:                   အခုတစ်လော Post တွေတင်လို့အဆင်မပြေဘူးဖြစ်နေတယ်ဗျာ။ ကွန်နရှင်တွေအရမ်းကျ နေတယ်ဗျ။ 4MB လောက်ရှိတဲ့ Software ကို မနေ့ကတည်းက U...